ကုမ္ပဏီသမိုင်းအကျဉ်း
AMARA NANTAW Cable and Wire Manufacturing
ကုမ္ပဏီသမိုင်းအကျဉ်း
´အမရာနန်းတော် Company Limited သည် 136 လမ်း ၊ 68x69 ကြား မန္တလေးစက်မှုဇုံတွင် ကုမ္ပဏီ ရုံးခန်းနှင့် အလုပ်ရုံလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော မန္တလေးအခြေစိုက် ဒေသခံ ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
အမရာနန်းတော် Company Limited သည် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မရခင် (2023) ခုနှစ်အချိန်ကပင် မိတ်ဖက်ကုမ္ပဏီများနှင့် တွဲဖက်၍ ၃၃ကေဗွီ၊ ၁၁ကေဗွီဓာတ်အားလိုင်း၊ ၃၃/ဝ.၄ကေဗွီ၊ ၁၁/ဝ.၄ကေဗွီ ထရန်စဖော်မာများ၊ ၄၀၀ ဗို့ဓာတ်အားလိုင်းများအား အနယ်နယ်အရပ်ရပ်တွင် အတွေ့အကြုံရင့် ကျွမ်းကျင်သော အင်ဂျင်နီယာကြီးများနှင့် ထက်မြက်တက်ကြွသော လူငယ်အင်ဂျင်နီယာများ ပူးတွဲ၍ အရည်အသွေးအား အင်ဂျင်နီယာစံချိန်၊ စံညွှန်းများအတိုင်း တည်ဆောက်ရေးလုပ်ငန်းများအား စနစ်တကျ အကောင်အထည် ဖော်ပြီးသော အဖွဲ့အစည်း ဖြစ်ပါသည်။ See more...PROFILE
အမရာနန်းတော် ဝါယာကြိုးစက်ရုံ ရည်ရွယ်ချက်
၁။ ကျွန်တော်တို့၏ အမရာနန်းတော်ဝါယာကြိုးစက်ရုံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အစိုးရဝန်ကြီးဌာနများအတွက် အဓိကရည်ရွယ်၍ 400 V ဓာတ်အားလိုင်းကြိုးများ ၊ 11 kV ဓာတ်အားလိုင်းကြိုးများနှင့် 33 kV ဓာတ်အားလိုင်းကြိုးများကို အဓိကထား ထုတ်လုပ်သွားပါမည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ ပြည်ပမှတင်သွင်းနေရသော Cable ကြိုးများ၏ ကုန်ကျစရိတ်နှင့် ဒေါ်လာလိုအပ်ချက်များ သိသိသာသာ လျှော့ချပေးနိုင်ပြီး အရည်အသွေးမြင့် ဝါယာကြိုးများကိုသာ ထုတ်လုပ်သွားပါမည်။
၃။ ပြည်တွင်းသုံးစွဲမှုလိုအပ်ချက်သာမက ပြည်ပသို့တင်ပို့သွားနိုင်ရန်အတွက်ပါ မျှော်မှန်းထားပြီး Network Cable များ ၊ 66 kV ဓာတ်အားလိုင်းကြိုးများ ၊ 132 kV ဓာတ်အားလိုင်းကြိုးများနှင့် 230 kV ဓာတ်အားလိုင်းကြိုးများအထိပါ ထုတ်လုပ်သွားမည်ဖြစ်ပြီး၊ နေပြည်တော် နှင့် ရန်ကုန်မြို့များတွင်လည်း စက်ရုံခွဲများ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် ရည်မှန်းထားပါသည်။
၄။ ပြည်တွင်း၌ရှိသော ကုမ္ပဏီများ ၊ ဆိုင်များအတွက်လည်း လိုအပ်သော အိမ်တွင်းဝါယာ Cable Sizesများ မျိုးစုံရရှိရန် အရည်အသွေးမှီမှီနှင့် ဈေးနှုန်းချိုသာစွာ Customers များအတွက် စိတ်တိုင်းကျ ထုတ်လုပ်သွားပါမည်။
၅။ နိုင်ငံခြားမှ ကျွမ်းကျင်သော အင်ဂျင်နီယာပညာရှင်များနှင့် ပြည်တွင်းမှကျွမ်းကျင်သော အင်ဂျင်နီယာပညာရှင်များ ပူးပေါင်းပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ကောင်းမွန်အောင် အရည်အသွေးများ ပြည့်မှီအောင် ထုတ်လုပ်သွားပါမည်။
၆။ နိုင်ငံခြားမှတင်သွင်းသော Cable ဝါယာကြိုးများနှင့် အရည်အသွေး(Quality) ယှဉ်ပြိုင်နိုင်ရုံသာမက ဈေးနှုန်းတွင်လည်း ပိုမိုချိုသာအောင် ကြိုးစားထုတ်လုပ်သွားပါမည်။
၇။ (၁)လလျှင် ပျှမ်းမျှဝါယာကြိုးမီတာ ( 800,000 ) ခန့်အထိ ထုတ်လုပ်ရန် လျာထားပြီး Vietnam Quality နည်းပညာအား အသုံးပြု၍ ထုတ်လုပ်သွားမည် ဖြစ်ပါသည်။ See more...VISION & MISSION
Application – Aerial bundle cables are mainly used for secondary overhead on poles or as feeders to residential premises
Construction – Aluminium Standard XLPE Insulated Wire
Standard –IEC 60502-1:2009 / TCVN 5935-1:2013 (TITAN Vietnam Standard)
See more...PRODUCTS
Single Core
Four Core