ကုမ္ပဏီသမိုင်းအကျဉ်း
AMARA NANTAW Cable and Wire Manufacturing
ကုမ္ပဏီသမိုင်းအကျဉ်း
´အမရာနန်းတော် Company Limited သည် 136 လမ်း ၊ 68x69 ကြား မန္တလေးစက်မှုဇုံတွင် ကုမ္ပဏီ ရုံးခန်းနှင့် အလုပ်ရုံလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသော မန္တလေးအခြေစိုက် ဒေသခံ ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။
အမရာနန်းတော် Company Limited သည် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်မရခင် (2023) ခုနှစ်အချိန်ကပင် မိတ်ဖက်ကုမ္ပဏီများနှင့် တွဲဖက်၍ ၃၃ကေဗွီ၊ ၁၁ကေဗွီဓာတ်အားလိုင်း၊ ၃၃/ဝ.၄ကေဗွီ၊ ၁၁/ဝ.၄ကေဗွီ ထရန်စဖော်မာများ၊ ၄၀၀ ဗို့ဓာတ်အားလိုင်းများအား အနယ်နယ်အရပ်ရပ်တွင် အတွေ့အကြုံရင့် ကျွမ်းကျင်သော အင်ဂျင်နီယာကြီးများနှင့် ထက်မြက်တက်ကြွသော လူငယ်အင်ဂျင်နီယာများ ပူးတွဲ၍ အရည်အသွေးအား အင်ဂျင်နီယာစံချိန်၊ စံညွှန်းများအတိုင်း တည်ဆောက်ရေးလုပ်ငန်းများအား စနစ်တကျ အကောင်အထည် ဖော်ပြီးသော အဖွဲ့အစည်း ဖြစ်ပါသည်။
´ယခုအခါ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများမှ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်းများ တည်ဆောက်ခြင်းလုပ်ငန်းများတွင် ဒေသဖွံ့ဖြိုးရေးနှင့် ဒေသ၏ အကျိုးစီးပွားရေးအတွက် ဦးစားပေးဆောင်ရွက်နေပါသဖြင့် မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ ကုမ္ပဏီမှတ်ပုံတင် လျှောက်ထားရာ (2-5-2023 ခုနှစ်တွင်) ကုမ္ပဏီမှတ်ပုံတင်အမှတ် 133276386 ဖြင့် တရားဝင် မန္တလေးမြို့တွင် ပထမဦးဆုံးသော ဝါယာကြိုး စက်ရုံအား တည်ထောင်ခဲ့ပါသည်။
ယခုအခါ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားရန်နှင့် ရရှိလာသော အကျိုးအမြတ်များထဲမှ တစ်ဆင့် ဒေသဖွံ့ဖြိုးရေးအတွက် လှူဒါန်းဆောင်ရွက်ခြင်း၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းများ ကိုလည်း အစဉ်တစိုက်လုပ်ကိုင်သွားရန် ရည်ရွယ်ချက်များထားရှိလျှက် မြန်မာနိုင်ငံအနှံအပြားရှိ မည်သည့် နေရာနှင့် ဒေသများတွင်မဆို သက်ဆိုင်ရာတိုင်းဒေသကြီးအဖွဲ့၊ သက်ဆိုင်ရာ ပြည်နယ်အဖွဲ့မှ တာဝန်ရှိသူများ၏ လမ်းညွှန်ချက်များကိုနာခံလျှက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ၂၀၂၃ ခုနှစ်၊ ရေရှည်ရည်မှန်းချက်အဖြစ် နိုင်ငံတော်၏ စံပြကုမ္ပဏီတစ်ခုဖြစ်ရန် မြန်မာ့စီးပွားရေး အသိုက်အဝန်းတွင် ခိုင်မာစွာ ရပ်တည်ရေးသည် ကုမ္ပဏီ၏ ရေရှည်ရည်မှန်းချက် ဖြစ်ပါသည်။
အမရာနန်းတော် ဝါယာကြိုးစက်ရုံ ရည်ရွယ်ချက်
၁။ ကျွန်တော်တို့၏ အမရာနန်းတော်ဝါယာကြိုးစက်ရုံသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် အစိုးရဝန်ကြီးဌာနများအတွက် အဓိကရည်ရွယ်၍ 400 V ဓာတ်အားလိုင်းကြိုးများ ၊ 11 kV ဓာတ်အားလိုင်းကြိုးများနှင့် 33 kV ဓာတ်အားလိုင်းကြိုးများကို အဓိကထား ထုတ်လုပ်သွားပါမည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ မူဝါဒများနှင့်အညီ ပြည်ပမှတင်သွင်းနေရသော Cable ကြိုးများ၏ ကုန်ကျစရိတ်နှင့် ဒေါ်လာလိုအပ်ချက်များ သိသိသာသာ လျှော့ချပေးနိုင်ပြီး အရည်အသွေးမြင့် ဝါယာကြိုးများကိုသာ ထုတ်လုပ်သွားပါမည်။
၃။ ပြည်တွင်းသုံးစွဲမှုလိုအပ်ချက်သာမက ပြည်ပသို့တင်ပို့သွားနိုင်ရန်အတွက်ပါ မျှော်မှန်းထားပြီး Network Cable များ ၊ 66 kV ဓာတ်အားလိုင်းကြိုးများ ၊ 132 kV ဓာတ်အားလိုင်းကြိုးများနှင့် 230 kV ဓာတ်အားလိုင်းကြိုးများအထိပါ ထုတ်လုပ်သွားမည်ဖြစ်ပြီး၊ နေပြည်တော် နှင့် ရန်ကုန်မြို့များတွင်လည်း စက်ရုံခွဲများ ထပ်မံတိုးချဲ့ဖွင့်လှစ်သွားရန် ရည်မှန်းထားပါသည်။
၄။ ပြည်တွင်း၌ရှိသော ကုမ္ပဏီများ ၊ ဆိုင်များအတွက်လည်း လိုအပ်သော အိမ်တွင်းဝါယာ Cable Sizesများ မျိုးစုံရရှိရန် အရည်အသွေးမှီမှီနှင့် ဈေးနှုန်းချိုသာစွာ Customers များအတွက် စိတ်တိုင်းကျ ထုတ်လုပ်သွားပါမည်။
၅။ နိုင်ငံခြားမှ ကျွမ်းကျင်သော အင်ဂျင်နီယာပညာရှင်များနှင့် ပြည်တွင်းမှကျွမ်းကျင်သော အင်ဂျင်နီယာပညာရှင်များ ပူးပေါင်းပြီး နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ကောင်းမွန်အောင် အရည်အသွေးများ ပြည့်မှီအောင် ထုတ်လုပ်သွားပါမည်။
၆။ နိုင်ငံခြားမှတင်သွင်းသော Cable ဝါယာကြိုးများနှင့် အရည်အသွေး(Quality) ယှဉ်ပြိုင်နိုင်ရုံသာမက ဈေးနှုန်းတွင်လည်း ပိုမိုချိုသာအောင် ကြိုးစားထုတ်လုပ်သွားပါမည်။
၇။ (၁)လလျှင် ပျှမ်းမျှဝါယာကြိုးမီတာ ( 800,000 ) ခန့်အထိ ထုတ်လုပ်ရန် လျာထားပြီး Vietnam Quality နည်းပညာအား အသုံးပြု၍ ထုတ်လုပ်သွားမည် ဖြစ်ပါသည်။
ရည်မှန်းချက်များ
ကျွန်တော်များ အမရာနန်းတော် Company Limited သည် ဌာနဆိုင်ရာ ဓာတ်အားခွဲရုံများ၊ ၃၃ကေဗွီ၊ ၁၁ကေဗွီ၊ ၄၀၀ ဗို့ဓာတ်အားလိုင်းများ၊ အဆောက်အဦးများ၊ လမ်း/တံတားနှင့် အထပ်မြင့်အဆောက်အဦးကြီးများကို အဓိကထား တည်ဆောက်သည့် ကုမ္မဏီဖြစ်သည်နှင့်အညီ ဆောက်လုပ်ရေးနှင့် အခြားသော အင်ဂျင်နီယာဌာနများမှ ဉာဏ်အမြော်အမြင်ရှိပြီး အတွေ့အကြုံသက်တမ်းရင့် (အငြိမ်းစား) အင်ဂျင်နီယာကြီးများနှင့် ထက်မြက်တက်ကြွသော လူငယ်အင်ဂျင်နီယာများ ပူးတွဲ၍ စံချိန်စံညွန်းကောင်းမွန်ပြီး၊ သေသပ်သပ်ရပ်စွာ အကောင်အထည် ဖော်ဆောင်ကြမည့် အဖွဲ့အစည်း ဖြစ်ပါသည်။
ကျွန်တော်များ အမရာနန်းတော် Company Limited သည်
သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမရှိစေရန် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့နိုင်ရန်။
စီမံကိန်းပြုလုပ်ရာ ဒေသခံများ၏ အလုပ်အကိုင် အခွင့်အရေးကို ဦးစားပေးမြှင့်တင်ရန်။
ကုမ္မဏီ၏ ငွေကြေးအကျိုးအမြတ်ကို ပဓာနမထားဘဲ နိုင်ငံတော်မှအားထားရသော နိုင်ငံ့အကျိုးသယ်ပိုး ဆောင်ရွက်နိုင်သော အဖွဲ့အစည်းတစ်ရပ်အဖြစ် တည်တံ့နိုင်ရန်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် ကျေးရွာမီးလင်းရေး၊ ဆောက်လုပ်ရေး စီမံကိန်း များတွင် အောင်မြင်အောင် တက်ကြွစွာပါဝင်ဆောင်ရွက်နိုင်ရန်။
လူနေမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုရန်နှင့်မြန်မာနိုင်ငံသားပြည်သူများ၏လူနေမှုအဆင့်အတန်းကို မြှင့်တင်နိုင်ရန်။
ကုမ္မဏီ၏ ဓာတ်အားပေးစနစ်နှင့် ဆောက်လုပ်ရေး နည်းပညာများ ခေတ်မီတိုးတက်အောင် ကြိုးပမ်း ရန်နှင့်လူသားအရင်းအမြစ်ဖွံ့ဖြိုးအောင် ခေတ်နှင့်အညီ စာတွေ့လက်တွေက ဖော်ဆောင်သွားရန် ရည်မှန်း ချက်ထား အကောင်အထည်ဖော်လျှက်ရှိသော ကုမ္ပဏီ ဖြစ်ပါသည်။